မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာဆန်များဆက်လက်ဖြန့်ဝေ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာဆန်များဆက်လက်ဖြန့်ဝေ

2022 / Feb 26

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက် (၂၇) ခုတွင် နေထိုင်သည့် အိမ်ထောင်စုပေါင်း (၁၀၀,၂၄၂ ) စုအတွက် ဒုတိယအကြီမ် ဆန်ဖြန့်ဝေမှုကို ယခုလ (၁၈) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အမှတ် (၁၈) ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၃,၇၅၄) စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ၅၀ kg (၂၅) ပြည်နှုန်းဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

အဆိုပါ ဆန်ဖြန့်ဝေခြင်းမှာ လက်ရှိဖြန့်ဝေပြီးသည်အထိ အိမ်ထောင်စု စုစုပေါင်း (၈၈,၇၂၄) စု လူဦးရေ (၃၄၀,၄၇၄) စုဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသည့်အိမ်ထောင်စုများကို မတ်လ ပထမပတ်အတွင်း ပြီးစီးအောင်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

Related Posts