မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အသင်းသားအဆိုပြုလွှာ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အသင်းသားအဆိုပြုလွှာ

အသင်းဝင်ကြေးဆိုင်ရာအချက်အလက်များ
စဉ် အသင်းသားအမျိုးအစား အသင်းဝင်ကြေး နှစ်စဉ်ကြေး မှတ်ချက်
၁။ သာမန်အသင်းသား ၂၀၀၀ (ကျပ်) ၃၀၀၀ (ကျပ်)
၂။ တပ်ဖွဲ့ဝင်အသင်းသား မရှိ မရှိ
၃။ ရာသက်ပန်အသင်းသား ၁၀၀၀၀၀၀ (ကျပ်) မရှိ
စည်းကမ်းချက်များ
  1. ရာသက်ပန်အသင်းသား အသင်းဝင်ကြေးကို (၁၀) ကြိမ်ခွဲ၍ အရစ်ကျပေးသွင်းနိုင်ပါသည်။
  2. အသင်းသားတိုင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သောလူမှုကရုဏာလုပ်ငန်းများတွင် ကြက်ခြေနီ အခြေခံ(7)ရက်ချက်၊ အသင်း၏ဥပဒေ၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်ပါသည်။
  3. အသင်းသားတိုင်းသည် မိမိနေထိုင်ရာဒေသရှိ အသင်းခွဲရုံးများတွင် မှတ်ပုံတင်ထားရှိရမည် ဖြစ်ပါသည်။
  4. သာမန်အသင်းသားသည် နှစ်စဉ်ကြေး (၃)နှစ်ဆက်တိုက် ပေးသွင်းရန် ပျက်ကွက်ပါက အသင်းသားအဖြစ် အလိုအလျှောက်ပျက်ပြယ်သည်။
  5. ရာသက်ပန်အသင်းသားအတွက် ရာသက်ပန်အသင်းဝင်တံဆိပ်၊ ဂုဏ်ပြုလွှာနှင့် အသင်းသား smart card ကိုဌာနချုပ်မှ ထုတ်ပေးပါမည်။
  6. သာမန်အသင်းသားနှင့် တပ်ဖွဲ့ဝင်အသင်းသားအတွက် အသင်းသားကဒ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီရုံးများမှ ထုတ်ယူရမည်ဖြစ်ပါသည်။