Mine Risk Education

Mine Risk Education

နှစ်စဉ်နှစ်တိုင်း၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များကြောင့် လူပေါင်း ရာနှင့်ချီ သေကျေပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ခံစစားနေကြရပါတယ်။အဆိုပါ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ၏ အန္တရာယ်ကိုသိရှိပြီး ဆိုးကျိုးသက်ရောက်မှုများ လျော့နည်းသက်သာစေရန် နှင့် အန္တရာယ်ကင်းစွာနေထိုင်တတ်စေရန် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအစီအစဉ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးအစီအစဉ်များကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများအပြင် မိုင်းအန္တရာယ်ဖြစ်ပွားနိုင်ချေရှိသည့် နေရာဒေသများအတွင်း ကြက်ခြေနီစေတနာလုပ်အားရှင်များမှ မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ မိုင်းဒဏ်သင့်ပြည်သူများကို ကူညီထောက်ပံ့ခြင်း လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင်များသည် မိုင်းထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား ရှေးဦးပြုစုပေးခြင်း၊ ဆေးရုံသို့ အချိန်မှီပိုဆောင်ပေးခြင်း၊ လိုအပ်သောဆေးဝါးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများထောက်ပံ့ပေးခြင်း၊ လိုအပ်သော (သွေး) များအား ကူညီထောက်ပံ့ပေးခြင်း ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

မိုင်းဒဏ်သင့်ပြည်သူများအား ဆက်လက်ကူညီ ထောက်ပံ့ရာတွင်လည်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက်၊ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးစီမံချက် များနှင့် ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးစင်တာမှ ခြေတုလက်တုတပ်ဆင်ပေးခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းတို့ကို ပြည်နယ် နှင့်တိုင်းဒေသကြီး (၁၄)ခု မြို့နယ် (၇၇) မြို့နယ်အတွင်း (၆၁၄၄)ကြိမ်ခန့် ပြုလုပ်ပေးခဲ့ပြီး အကျိုးခံစား ခွင့်ရှိသူပေါင်း (၂၅၁၂၃၁)ဦးရေခန့် တို့ကို အသိပညာ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့စစ်ကျန်လက်နက်ပစ္စည်းတွေဟာ မြေကြီးထဲမှာဆယ်စုနှစ်များစွာ ကျန်ရှိနေတဲ့တိုင်အောင် မပေါက်ကွဲသေးပဲ အန္တရာယ်ကျရောက်စေနိုင်ပြီး ထိခိုက်နစ်နာဆုံးဆုံးရှုံးမှုတွေ ဖြစ်စေပါတယ် သို့ကြောင့် မသင်္ကာဖွယ်ရာ အရာဝတ္ထုပစ္စည်းများကို တွေ့လျှင်ဘယ်သောအခါမှ မချဉ်းကပ်ပါနဲ့ မထိပါနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများကို ချက်ချင်းသတင်းပို့ရန် လိုအပ်ပါတယ်။