ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ ဇွန်လ(၉)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် LifePlus (Lujee Venture Capital Limited)မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လာရောက် လှူဒါန်းရာ လှူဒါန်းပွဲကို ဇွန်လ(၉)ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲတွင် LifePluse မှ Asstistant HR Manager ဒေါ်ဝင့်သိင်္ဂီထွန်း က လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၃၅ သိန်းတန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ဆေးဝါးများကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Sri Trang Ayeyar Rubber Industry Co., Ltd. မှလည်း အလှူငွေ ကျပ် ၁ဝ သိန်း ကို ဘဏ်မှ တဆင့် ပေးပို့ လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ် ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်
ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။