ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ KING Construction Co.,Ltd မှ အလှူငွေ ကျပ် ၁,၁၈၀,၀၀ဝိ/နှင့် ရေသန့် ကဒ် ၄၀၀ ကို ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၉)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်း
အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် KING Construction Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။