Myanmar Red Cross Society

အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် 20thSouth – East Asia Leaders Meeting နှင့် 2nd Southeast Asia RCRC Youth Forum အစည်းအဝေးများသို့ တက်ရောက်ခဲ့

အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့် 20thSouth – East Asia Leaders Meeting နှင့် 2nd Southeast Asia RCRC Youth Forum အစည်းအဝေးများသို့ တက်ရောက်ခဲ့

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၇)ရက်နေ့မှ စက်တင်ဘာလ(၂၂)ရက်နေ့အထိ ကျင်းပခဲ့သော 20thSouth – East Asia Leader Meeting နှင့် 2nd Southeast Asia RCRC Youth Forum အစည်းအဝေးများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အသင်းဥက္ကဌက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များကို အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီ အမျိုးသားအသင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါအစည်းအဝေးမှ လူငယ်ကြက်ခြေနီများ၏ လူငယ်နှီးနှောဖလှယ်ပွဲ ရလဒ်
များ၊ ဆွေးနွေးချက်များကို အားပေးဆွေးနွေးနိုင်ခဲ့ခြင်း၊ ယဉ်ကျေးမှုမတူညီသည့် နိုင်ငံများအချင်းချင်း လိုက်လျောညီစွာ နေထိုင်နိုင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ အမျိုးသားအသင်းခေါင်းဆောင်များမှ လူငယ်ကြက်ခြေနီလှုပ်ရှားမှု များကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးမည့် ကတိကဝတ်
ရရှိခဲ့ခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိခဲ့ပါသည်။
အဆိုပါအစည်းအဝေးများသို့ အသင်းဥက္ကဌ နှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် အဖွဲ့ဝင်(၂)ဦး၊ လူငယ်ကိုယ်စားလှယ်(၂)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။