Myanmar Red Cross Society

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) သည် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို သက်တမ်းအရှည်ကြာဆုံး သမိုင်းကြောင်းဖြင့် ဦးဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဥပဒေ (ကြက်ခြေနီဥပဒေ၊ ၂၀၁၅) အပိုဒ်ခွဲ ၃၊ ၅ နှင့် ၁၁ အရ နိုင်ငံတော်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့်လုပ်ငန်းများအတွက် အရန်အင်အားအဖြစ် ဆောင်ရွက်ရန် ပြဌာန်းထားပြီး၊ သဘာဝဘေးနှင့် ပဋိပက္ခများအကြား တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းအတွက် မူဝါဒနှင့် စံနှုန်းသတ်မှတ်များ ရေးဆွဲ၍ စနစ်တကျပြင်ဆင်ထားရှိပြီး ပြောင်းလဲတိုးတက်မှုများနှင့်အညီ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ၂၀၀၃ ခုနှစ်တွင် စတင်ခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ဆူနာမီ ၂၀၀၄ သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအားလုံးကို ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်သတိပေးခြင်းစနစ်တွင် ပိုမိုဆောင်ရွက်ရန်  သတိပြုမိစေ ခဲ့သဖြင့် စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒ-မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနကို တည်ထောင် ခဲ့သည်။ ပထမအကြိမ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒ ၂၀၀၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူထုအခြေပြုဘေးလျော့ပါးရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို  တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

အသင်းအဆင့်ဆင့်တိုင်းတွင် ထိရောက်သောဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစွမ်းရည်ကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းသည် ၂၀၂၁-၂၀၂၅ မဟာဗျူဟာ၏ ရည်မှန်းချက်များထဲမှတစ်ခုဖြစ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနသည် အသင်း၏လုပ်ပိုင်ခွင့်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည့် အပြင် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ဘေးထိခိုက်မှုလျော့ပါရေး၊ ဘေးတုန့်ပြန်ရေးအတွက် အဆင်သင့်ဖြစ်နိုင်ရေး၊ ဖြစ်လာနိုင်ခြေရှိသော ဘေးများအတွက်ကြိုတင်မျှော်မှန်းပြင်ဆင်ဆောင်ရွက်ရေး ထိရောက်သော ဘေးတုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းတို့ ပါ၀င်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော ဌာနတစ်ခု ဖြစ်သည်။

အဓိကဆောင်ရွက်သည့်လုပ်ငန်းများ

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနသည် အောက်ဖော်ပြပါ အဓိကလုပ်ငန်းဧရိယာ (၃)ခုကို ဆောင်ရွက် သည်-

  1. ဘေးဖြစ်နိုင်ခြေလျှော့ချခြင်းလုပ်ငန်းများ
  2. ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေရေးနှင့် ဖြစ်လာနိုင်ခြေရှိသော ဘေးများအတွက် ကြိုတင်မျှော်မှန်း ပြင်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်းများ
  3. ဘေးတုန့်ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ

ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် ဘေးဖြစ်နိုင်ခြေလျှော့ချခြင်းလုပ်ငန်းများ

ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းနှင့် ဘေးဖြစ်နိုင်ခြေလျှော့ချခြင်းလုပ်ငန်းများသည် ရပ်ရွာလူထု၊ လူတစ်ဦးချင်းနှင့် ဒေသတွင်းအခြေခံအဆောက်အဦများပေါ်တွင် ဘေးအန္တရာယ်သက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်သည့် ယူဆချက်များနှင့် မဟာဗျူဟာများဖြစ်သည်။ ဤအသုံးအနှုန်းများတွင် သဘာဝဘေးအန္တရာယ်များ (ဥပမာ၊ မြေငလျင်၊ ရေကြီးခြင်း၊ မုန်တိုင်း)နှင့် လူတို့ဖန်တီးသော ဘေးအန္တရာယ်များ (ဥပမာ၊ စက်မှုလုပ်ငန်းဆိုင်ရာမတော်တဆဖြစ်ခြင်းများ၊ ပဋိပက္ခ ဖြစ်ပွားခြင်းများ) ကဲ့သို့သော လူ့အဖွဲ့အစည်း၏ ထိရောက်စွာတုံ့ပြန်နိုင်စွမ်းနှင့် ပြန်လည်ထူထောင် နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ထားသော ကျယ်ပြန့်သော စီမံဆောင်ရွက်မှုများ ပါဝင်သည်။

  • ဘေးဖြစ်နိုင်ခြေဆန်းစစ်ခြင်း)
  • ကြိုတင်ပြင်ဆင်ရေးစီမံချက်များရေးဆွဲခြင်း
  • ကြိုတင်သတိပေးခြင်းစနစ်များသတ်မှတ်ထူထောင်ပေးခြင်း
  • လူထုအတွင်း အသိပညာပေးလုပ်ငန်းများ
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ပေးခြင်း
  • ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း
  • ပြန်လည်ထူထောင်ပေးခြင်း

ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ (SBDRR) သည်ကျောင်းများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာရေးစနစ်နှင့် ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ စည်းမျဉ်းများနှင့် အလေ့အကျင့်များ ပေါင်းစပ်ဆောင်ရွက်ခြင်းကို ဖြစ်သည်။

ကျောင်းအခြေပြုဘေးလျော့ပါးရေးလုပ်ငန်း၏ ရည်ရွယ်ချက်မှာ ကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ရပ်ရွာလူထုတို့ ဘေးကင်းရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်ပြီး ကျောင်းသားများ၊ ဆရာများ၊ မိဘများနှင့် ကျောင်းအုပ်ချုပ်သူများအတွက် အသိပညာ၊ ကျွမ်းကျင်မှုများနှင့် ထိရောက်သော ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

  • ဘေးဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် အခြေအနေပြမြေပုံ/ဇယား)
  • အသိပညာပေးခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း
  • ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး စီမံချက်များရေးဆွဲခြင်း)
  • ကြိုတင်သတိပေးစနစ်များ သတ်မှတ်ထူထောင်ပေးခြင်း)
  • အခြေခံအဆောက်အဦများ ခိုင်ခံ့အောင်ဆောင်ရွက်ပေးခြင်း)
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း)
  • စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း)
  • ကျောင်းပညာရေးတွင် ပူးပေါင်းပါဝင်နိုင်ရေးဆောင်ရွက်ခြင်း)
  • လုပ်ငန်းများ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် ပြန် လည်သုံးသပ်ဆောင်ရွက်ခြင်း)
  • အသိပေးညှိနှိုင်းဆွေးနွေးခြင်းနှင့် မူဝါဒများရေးဆွဲခြင်း)

ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်လျော့ပါးရေး (CBDRR)သည် ရပ်ရွာလူထုအတွင်းရှိ ဘေးအန္တရာယ် များကို ဖော်ထုတ်ခြင်း၊ ပိုမိုနားလည်အောင်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ ဘေးဖြစ်နိုင်ခြေများကို လျော့ပါးရေးဆောင်ရွက်ရာလုပ်ငန်းများတွင် လူထုတစ်ရပ်လုံး တက်ကြွစွာ ပါဝင်နိုင်စေရေး ဆောင်ရွက်သည့် ကဏ္ဍစုံပါဝင် ချဉ်းကပ်ဆောင်ရွက်သော လုပ်ငန်းဖြစ်သည်။

ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းသည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည်ကို တည် ဆောက်ပေးခြင်း၊ ကြိုတင်ပြင်ဆင်ရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် သဘာဝ သို့မဟုတ် လူကြောင့် ဖြစ်သော ဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျှော့ချရန် ဒေသတွင်းရပ်ရွာလူထု၏ အသိပညာ၊ အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များကို မြင့်မားလာစေရေး အထူးအလေးထားဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။

  • ဒေသခံရပ်ရွာလူထု၏ ကိုယ်တိုင်ပါဝင်ဆောင်ရွက် စေခြင်း
  • ဘေးဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် အသိပညာ မျှဝေခြင်း
  • စွမ်းဆောင်ရည်တည်ဆောက်မြှင့်တင်ပေးခြင်း
  • ရပ်ရွာလူထုဦးဆောင်ဖြေရှင်းနိုင်ရေးဦးစားပေးခြင်း
  • ဘေးဖြစ်နိုင်ခြေလျှော့ချခြင်းကို တိုင်းတာဆောင်ရွက်ခြင်း
  • ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆက်စပ်ဆောင် ရွက်ခြင်း
  • ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း
  • လိုက်လျောညီထွေဆောင်ရွက်ခြင်းနှင့် ပြောင်းလဲလွယ်အောင် ဆောင်ရွက်ပေးခြင်း
  • အားဖြည့်ဆောင်ရွက်ခြင်းနှင့် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ခြင်း
  • စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်း

မြို့ပြဘေးဖြစ်နိုင်ခြေလျော့ပါးရေးလုပ်ငန်းသည် မြို့ပြဒေသများရှိ ဘေးအန္တရာယ်များ၊ ဆက်စပ်နေသော ဘေးအန္တရာယ်များနှင့် ဘေးဖြစ်လွယ်မှုများကို လျှော့ချရန် ဦးစားပေးဆောင်ရွက်သည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း၏ အထူးပြုနယ်ပယ်တစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် မြို့ပြအသွင်ကူးပြောင်းမှု တိုးပွားလာသည်နှင့်အမျှ မြို့ကြီးများသည် ငလျင်၊ ရေကြီးမှု၊ မုန်တိုင်း၊ အပူလှိုင်းများနှင့် လူကြောင့် (သို့) သဘာဝကြောင့်ဖြစ်သည့် ဘေးအန္တရာယ် အမျိုးမျိုး ပိုမို ကြုံတွေ့နေကြရသည်။

မြို့ပြဘေးဖြစ်နိုင်ခြေလျော့ပါးရေးလုပ်ငန်းသည် ဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျှော့ချရန် မြို့ပြအသိုင်းအဝိုင်း၊ အခြေခံအဆောက်အအုံနှင့် စနစ်များ၏ ခံနိုင်ရည်အား မြှင့်တင်ရန် ရည်ရွယ်သည်။

  • ဘေးအမျိုးမျိုးအတွက် ထည့်သွင်းစဉ်းစားချဉ်းကပ် ဆောင်ရွက်ခြင်း
  • ဘေးဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် မြေပုံရေးဆွဲထားခြင်း
  • မြေအသုံးချမှုအလိုက် စီမံကိန်းနှင့် ဇုံများသတ်မှတ်ထားခြင်း
  • ဘေးဒဏ်ခံနိုင်စွမ်းရှိသည့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း
  • ကြိုတင်သတိပေးစနစ်ထားရှိခြင်း
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • စွမ်းဆောင်ရည်နှင့် အသိပညာမြှင့်တင်ခြင်း
  • စနစ်တကျနေထိုင်ခြင်းမရှိသူများနှင့် ဘေးဖြစ်လွယ်သည့် လူဦးရေများ
  • စာရင်းဇယားများနှင့် နည်းပညာလုပ်ငန်းများ
  • မူဝါဒနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများ
  • ဘေးဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ
  • စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ် ဆောင်ရွက်ရေးလုပ်ငန်းများ

ရာသီဥတုပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်ရေးဆောင်ရွက်ခြင်း ဆိုသည်မှာ လူ့အဖွဲ့အစည်းစနစ်များ၊ သဘာဝဂေဟစနစ်များနှင့် လူသားတို့၏ အပြုအမူများကို ပြုပြင်ပြောင်းလဲ နေထိုင်နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသောသက်ရောက်မှု များကို ရင်ဆိုင်ဖြေရှင်းနိုင်စေခြင်းလုပ်ငန်းများကို ရည်ညွှန်းဆောင်ရွက်ခြင်းဖြစ်သည်။

ကမ္ဘာတွင် အပူချိန်များ မြင့်တက်လာပြီး ရာသီဥတုပုံစံများ မှန်းဆ၍မရဖြစ်လာသည်နှင့်အမျှ၊ လိုက်လျော ညီထွေ ဖြစ်စေမည့် မဟာဗျူဟာများသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်နေသောအန္တရာယ်များ၏ ဘေးဖြစ်လွယ်မှုများကို လျှော့ချနိုင်ရန် အလွန်အရေးကြီးသည့်အတွက် ဆောင်ရွက်ရသောလုပ်ငန်း ဖြစ်သည်။

  • ဘေးဖြစ်လွယ်မှုများ ဆန်းစစ်ခြင်း
  • ဘေးဖြစ်နိုင်ခြေစီမံခန့်ခွဲခြင်း
  • ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းတည်ဆောက်ခြင်း
  • လိုက်လျောညီထွေနေထိုင်နေရေးစွမ်းဆောင်ရည်
  • လုပ်ငန်းတိုင်းနှင့် လိုက်လျောညီထွေဖြစ်ရေး ဆောင်ရွက်ခြင်း
  • ဂေဟစနစ်ကို အခြေခံသည့် လိုက်လျောညီထွေဖြစ်စေခြင်း
  • အခြေခံအဆောက်အဦများ ဘေးဒဏ်ခံနိုင်စွမ်းရည်
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • ကြိုတင်သတိပေးစနစ်များ
  • အသိပညာနှင့် စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်း
  • နယ်စပ်ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
  • စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေရေးနှင့် ဖြစ်လာနိုင်ခြေရှိသော ဘေးများ အတွက် ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ခြင်း

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေရေးနှင့် ဖြစ်လာနိုင်ခြေရှိသော ဘေးများ အတွက် ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း နယ်ပယ်အတွင်း အရေးကြီးသော ယူဆချက်နှစ်ခုဖြစ်သည်။ အဆိုပါ လုပ်ငန်းနှစ်ခုသည် ဘေးအန္တရာယ်များလျော့ပါးစေရန်၊ လူ့အသက်များနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးမှု ခြင်းကိုလျှော့ချရန် ရပ်ရွာလူထုများ၊ အစိုးအဖွဲ့များ၊ ဒေသတွင်းလူမှုရေးအဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ဆောင်ရွက်ပေးရန် ရည်ရွယ်သည်။

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေရေးလုပ်ငန်းများတွင်

  • Disaster Readiness ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေခြင်း
  • Resource Management အရင်းအမြစ်စီမံခန့်ခွဲခြင်း
  • Training and Capacity Building စွမ်းဆောင်ရည်မြှင့်သင်တန်းများဆောင်ရွက်ခြင်း
  • Early Warning Systems ကြိုတင်သတိပေးစနစ်များ စမ်းသပ်ခြင်း
  • Infrastructure Resilience အခြေခံအဆောက်အဦများကို ခိုင်ခံ့အောင် အားဖြည့်ပေးခြင်း

 

ဖြစ်လာနိုင်ခြေရှိသော ဘေးများ အတွက် ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင်

  • Forecasting and Early Warning

(ကြိုတင်သတိပေးချက်များရယူခြင်းနှင့် ကြိုတင်သတိပေးခြင်း)

  • Contingency Planning

(မျှော်မှန်းမထားသောဘေးများအတွက် ကြိုတင်ပြင်ဆင်ရေးစီမံချက်များရေးဆွဲခြင်း)

  • Pre-Positioning Resources (ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ဖြည့်တင်းထားခြင်း)
  • Community Engagement (ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း)

ဘေးအန္တရာယ်နှင့် ဘေးဖြစ်နိုင်ခြေအကြိုဆန်းစစ်ခြင်းသည် ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များနှင့် ဘေးထိခိုက်လွယ်ခြင်းများကို ဆန်းစစ်သုံးသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို စနစ်တကျ ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်။

၎င်းလုပ်ငန်းတွင် အန္တရာယ်များ၊ ဘေးဖြစ်လွယ်ခြင်းများနှင့် ဘေးနှင့်ထိတွေ့နေမှုအခြေအနေတွင်ရှိသည့် ရပ်ရွာလူထုများနှင့် အခြေအနေများ ပါဝင်သည်။

ဘေးအန္တရာယ်နှင့် ဘေးဖြစ်နိုင်ခြေအကြိုဆန်းစစ်ခြင်းသည်  ဆုံးဖြတ်ချက်ချခြင်း၊ မူဝါဒရေးဆွဲခြင်းနှင့် အနာဂတ် ဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လျှော့ချရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။

  • ဒေသတွင်းရှိဘေးများကို ဖော်ထုတ်သတ်မှတ်ထားခြင်း
  • ဘေးဖြစ်လွယ်မှုအခြေအနေများ ဆန်းစစ်ခြင်း
  • ဘေးနှင့်ထိတွေ့နေမှုအခြေအနေများကို ဆန်းစစ်ခွဲခြမ်းစိပ်ဖြာခြင်း
  • ဘေးဖြစ်နိုင်ခြေများတိုင်းတာတွက်ချက်ခြင်း
  • အချက်အလက်စုဆောင်းခြင်းနှင့် ခွဲခြမ်းစိပ်ဖြာစိစစ်ခြင်း
  • ဖြစ်ရပ်ဇာတ်လမ်း ဖန်တီးလေ့ကျင့်ခြင်း
  • ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • ဘေးအမျိုးမျိုးအတွက် ထည့်သွင်းစဉ်းစားချဉ်းကပ် ဆောင်ရွက်ခြင်း
  • ပထဝီဝင်သတင်းအချက်အလက်စနစ်များ
  • ဘေးဖြစ်နိုင်ခြေများကို ဆက်သွယ်ဆောင်ရွက်ခြင်း
  • အခြေအနေနှင့် လိုက်လျောညီထွေ စီမံခန့်ခွဲခြင်း
  • စီမံကိန်းနှင့် မူဝါဒရေးဆွဲရာတွင် ပေါင်းစပ်ဆောင် ရွက်ခြင်း

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်စေရေးလုပ်ငန်း (ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ခြင်းဟုလူသိများသည်) ဘေးအန္တရာယ်အမျိုးမျိုးကို ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင် ရေးအတွက် တုန့်ပြန်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာ၊ လူတို့၏ စွမ်းဆောင်ရည်များကို စီမံခန့်ခွဲ ခြင်းလုပ်ငန်းဖြစ်သည်။

၎င်းတွင် လူ့အဖွဲ့အစည်း၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်အပေါ် ၎င်း၏အကျိုးသက်ရောက်မှုကို လျှော့ချရန် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ဆောင်ရွက်ခြင်းများ ပါဝင်သည်။

  • အရေးပေါ်အခြေအနေများအတွက်စီမံကိန်းရေးဆွဲခြင်း
  • ဘေးဖြစ်နိုင်ခြေဆန်းစစ်ခြင်း
  • ကြိုတင်သတိပေးစနစ်များ
  • လေ့ကျင့်သင်ကြားခြင်း
  • တုန့်ပြန်ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့် ရင်းမြစ်များစီမံခန့်ခွဲခြင်း
  • ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေးစီမံကိန်းများ
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • ပြန်ကြားဆက်သွယ်ရေးမဟာဗျူဟာ
  • ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း
  • ပုံမှန် သဏ္ဍန်တူလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း
  • အခြေခံအဆောက်အဦများ ဘေးဒဏ်ခံနိုင်စွမ်းရှိရေးဆောင်ရွက်ခြင်း
  • စဉ်ဆက်မပြတ်လေ့ကျင့်တိုးတက်စေခြင်း

ဖြစ်လာနိုင်ခြေရှိသော ဘေးများ အတွက် ကြိုတင်မျှော်မှန်း ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများသည် ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်အစီအမံများ ပါ၀င်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်း များအတွက် ကြိုတင်သတိပေးချက်များနှင့် ကြိုတင်ခန့်မှန်းချက်များအပေါ်အခြေခံ၍ ပြင်ဆင်ဆောင် ရွက်သည့် လုပ်ငန်းဖြစ်သည်။

ဤလုပ်ငန်းများသည် ဘေးထိခိုက်နိုင်ခြေ လျော့ပါးသက်သာစေရန်၊ ရပ်ရွာလူထုကို ကာကွယ်ရန်နှင့် ဘေးဒဏ်ခံနိုင်စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ဘေးအန္တရာယ်များ၏ အကျိုးသက်ရောက်မှု ကိုလျှော့ချနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်သည်။

  • ကြိုတင်သတိပေးခြင်း
  • လုပ်ငန်းစတင်ရန်အစပျိုးသည့်စနစ်များနှင့် ဘေးမဖြစ်မီ စတင် ဆောင်ရွက်ရန်များကို သတ်မှတ်ဖော်ထုတ်ခြင်း
  • ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းခြင်းဆိုင်ရာ ရင်းမြစ်များ ဖော်ထုတ်ခြင်း
  • ဆောလျင်စွာဆောင်ရွက်ရန် သတ်မှတ်ထားသည့် လုပ်ငန်းများ
  • လိုက်လျောညီထွေနေထိုင်နေရေးစွမ်းဆောင်ရည်
  • ရပ်ရွာလူထုနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
  • ဘေးအမျိုးမျိုးအတွက် ထည့်သွင်းစဉ်းစားချဉ်းကပ် ဆောင်ရွက်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မိတ်ဖက်ဆောင်ရွက်ခြင်း
  • စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း
  • အသေးစိပ်ဆက်စပ်ဆောင်ရွက်သည့်စီမံကိန်း
  • ရန်ပုံငွေရရှိရေး နည်းလမ်းများရှာဖွေခြင်း
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ပေါင်းစပ်ခြင်း

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ရပ်ရွာလူထုများ၊ အခြေခံအဆောက်အဦများနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် ကျရောက်နိုင်သည့် သဘာဝကြောင့် သို့မဟုတ် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ရည်ရွယ်သည့် အရေးပေါ်စီမံခန့်ခွဲမှုတွင် အရေးကြီးသော လုပ်ငန်းကဏ္ဍများဖြစ်သည်။ ဤလုပ်ငန်းများသည် ဟာရီကိန်း၊ မြေငလျင်များ၊ ရေကြီးမှု၊ တောမီးများ၊ ကူးစက်ရောဂါများ၊ စက်မှု လုပ်ငန်းဆိုင်ရာ မတော်တဆမှုများနှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးမှ ကြိုတင်ပြင်ဆင်ရေး၊ တုန့်ပြန် ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရေးဆွဲထားသည့် ကျယ်ပြန့်သော လုပ်ငန်းဆောင်ရွက်ရန်များနှင့် မဟာဗျူဟာများ ပါဝင်သည်။

  1. ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း
  2. ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်ရေးလုပ်ငန်း
  3. ဘေးထိခိုက်မှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
  4. အဓိကကျသော ဥပဒေသ/မူဝါဒများ ဖော်ထုတ်ရေးဆွဲခြင်း

အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း – အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ရပ်ရွာလူထုအခြေပြုအဖွဲ့များနှင့်  ပူးပေါင်းဆောင်ရွက်ခြင်း

 

တိကျရှင်းလင်းသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းဘေးဖြစ်နိုင်ခြေ ကို မျှော်မှန်းပြင်ဆင်ထားသည့် လုပ်ငန်းများ စီမံခန့်ခွဲခြင်းနှင့် တုန့်ပြန်ဆောင်ရွက်သူများနှင့်  ဘေးထိခိုက် ခံစားရသည့် ရပ်ရွာလူထုများအကြားတွင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများကို ညှိနှိုင်းကူညီ ဆောင်ရွက် ပေးသည်။

 

လိုက်လျောညီထွေဆောင်ရွက်ခြင်း– သဘာဝဘေးအခြေအနေများသည် အမြဲပြောင်းလဲနေသည့်အတွက် ခန့်မှန်းရန်မလွယ်ကူပါ။ အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ သည် ပြောင်းလဲနိုင်သည့်အခြေအနေများနှင့် လိုက်လျောညီထွေရှိရပါမည်။

 

မတူကွဲပြားမှုများ အားလုံးပါဝင်ဆောင်ရွက်ရေး – ဘေးထိခိုက်လွယ်သော မတူကွဲပြားသည့်အုပ်စုများ အားလုံး ပါဝင်နိုင်ရေးအတွက် သာတူညီမျှသော ဘေးအန္တရာယ်စီမံခန့်ခွဲမှုဖြစ်စေရေးကို အလေးထား ဆောင်ရွက်ခြင်း

 

ဘေးထိခိုက်နိုင်ခြေလျှော့ချရေး မြေယာအသုံးပြုမှုစီမံကိန်းများရေးဆွဲထားခြင်း၊ အဆောက်အဦဆိုင်ရာ ကုဒ်နံပါတ်များသတ်မှတ်ထားခြင်းနှင့် လူထုအသိပညာပေးခြင်းစသော ကြိုတင်ဆောင်ရွက်သည့် အစီအစဉ်များမှတစ်ဆင့် အနာဂတ်ဘေးအန္တရာယ်များ၏ အကျိုးသက်ရောက်မှုများကို လျော့ပါးသက်သာ စေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်း

အရေးပေါ်အခြေအနေကွပ်ကဲရေးစင်တာသည် အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်နွယ်သည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အရေးပေါ်အခြေအနေများနှင့် ဘေးအန္တရာယ် များကို စီမံခန့်ခွဲနိုင်ရန်နှင့် စနစ်တကျတုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သော နေရာဖြစ်သည်။

ဤလုပ်ငန်းတွင် စီမံကိန်းရေးဆွဲခြင်း၊ ပြန်ကြားဆက်သွယ်ရေး၊ ရင်းမြစ်စီမံခန့်ခွဲခြင်းနှင့် ဘေးသက် ရောက်မှုများကို လျော့ပါးသက်သာစေရန်အတွက် ဘေးထိခိုက်ခံစားရသောရပ်ရွာများထံသို့ အကူအညီ များ ပေးပို့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည်။

  • ဘေးထိခိုက်ရာနေရာတွင် ကွပ်ကဲစီမံသည့်စနစ်
  • အရေးပေါ်တုန့်ပြန်ရေးကွပ်ကဲမှုစင်တာ
  • ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  • မျှော်မှန်းမထားသည့်ဘေးများအတွက် စီမံချက်
  • ရင်းမြစ်စီမံခန့်ခွဲခြင်း
  • ပြန်ကြားဆက်သွယ်ရေးစနစ်
  • ဖြစ်စဉ်ကို သုံးသပ်လေ့လာခြင်း
  • ဘေးတုန့်ပြန်ရေးအဖွဲ့များ စေလွှတ်ခြင်း
  • လူထုအား သတင်းအချက်အလက်နှင့် အသိပညာပေးခြင်း
  • အရေးပေါ်ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် အမိုးအကာပြင်ဆင်ပေးခြင်း
  • ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း
  • တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြတ်တောက်မသွားစေခြင်း
  • လုပ်ငန်းပြန်လည်သုံးသပ်ခြင်း

ဘေးအန္တရာယ်တုန့်ပြန်ဆောင်ရွက်ခြင်း ဆိုသည်မှာ သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ် အခြေအနေ၏ ချက်ချင်းသက်ရောက်မှုများကို ကူညီဖြေရှင်းရန် စီစဉ်ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ရည်ညွှန်းပါသည်။

၎င်းလုပ်ငန်းစဉ်သည် လူ့အသက်များကို ကယ်တင်ရန်၊ ဘေးထိခိုက်မှုများ နည်းပါးစေရန်နှင့် ဘေးထိခိုက် မှု၏ ဆိုးကျိုးများကို လျှော့ချရန် ရည်ရွယ်သည့် လုပ်ငန်းဆောင်ရွက်ချက်များစွာ ပါဝင်ပါသည်။

ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ အရေးပေါ်လိုအပ်ချက်များအတွက် ဝန်ဆောင်မှုများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုစေတနာလုပ်အားရှင်များ ပူးပေါင်း ပါ၀င်သည့် လုပ်ငန်းဆောင်ရွက်ခြင်းများစွာ ပါဝင်သည်။

  • အရေးပေါ်လိုအပ်ချက်များ ဆန်းစစ်ခြင်း
  • ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း
  • ရှေးဦးပြုစုခြင်းလုပ်ငန်း
  • အမိုးအကာနှင့် ဘေးလွတ်ရာရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ
  • အစားအစာနှင့် သောက်သုံးရေထောက်ပံ့ခြင်းလုပ်ငန်း
  • ပြန်ကြားဆက်သွယ်ခြင်းနှင့် သတင်းအချက် အလက်ပေးခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွပ်ကဲစီမံခြင်း
  • ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေး လုပ်ငန်း
  • စိတ်ပိုင်း-လူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်း
  • အရေးကြီးသော ဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ရေးလုပ်ငန်း
  • ဘေးဖြစ်လွယ်သူများအတွက် အကာအကွယ်ပေးခြင်း
  • လူထုအတွက် သတင်းအချက်အလက်ပေးခြင်း
  • အခြေအနေနှင့် လိုက်လျောညီထွေ စီမံခန့်ခွဲခြင်း
  • နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ခြင်း