အရင်းအမြစ်စုစည်းအသုံးချရေးဌာန

အရင်းအမြစ်စုစည်းအသုံးချရေးဌာန

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းပံ့ပိုးမှုဖြင့် နိုင်ငံအဝှမ်း လူမှု ကရုဏာလုပ်ငန်းများကို စွမ်းစွမ်းတမံ အစဉ်မပြတ်လုပ်ဆောင်လျက်ရှိပါသည်။

အသင်းမှ ရန်ပုံငွေမြှင့်တင် ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်

ပြည်တွင်းပြည်ပ အလှူရှင်များနှင့်ချိတ်ဆတ်၍ စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ သ ဘာဝဘေး အန္တရာယ် အရေးပေါ်ရန်ပုံငွေများကောက်ခံခြင်း၊ အသင်း ဝက်ပ်ဆိုဒ် (MRCS Website) မှတဆင့် အ လှူငွေများကောက်ခံခြင်း၊ လေဆိပ်၊ ဟိုတယ်၊ စားသောက်ဆိုင် နှင့် ဈေးဝယ် စင်တာ များ၌ အလှူခံ ပုံးများနှင့် QR Quote Stand များထားရှိခြင်း၊ ရန်ပုံငွေမြှင့် တင်ရေး ပွဲများကျင်းပခြင်း နှင့် ကန်ပိန်း များ ပြုလုပ်ခြင်း။

အသင်း၏ ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင်

ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်း ပေးခြင်းများ၊ ပုံနှိပ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ အရက်ပြန် နှင့် ဓါတ်ဆားထုတ်လုပ်ခြင်းလုပ်ငန်း၊ အသင်းပိုင် ရုံးခန်းနေရာများအား ငှားရမ်းခြင်း၊ သင် တန်းခန်းမငှါးရမ်းခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျှက် ရှိပါသည်။

ထို့အပြင် အသင်းခွဲရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုး တိုးတတ်ရေးအတွက်

တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အသင်းခွဲများသို့ အရင်းအမြစ်စုစည်းအသုံးချရေး မူဝါဒ နှင့် မဟာဗျူဟာအား ဖြန့်ဝေခြင်း၊ ရန်ပုံငွေမြှင့်တင်ရေး၊ ဝင်ငွေတိုးလုပ်ငန်းဆိုင်ရာ နှင့် စာ ရင်းအင်း ထိန်းသိမ်းခြင်းဆိုင်ရာသင်တန်းတို့အား ပို့ချခြင်းနှင့် အသင်းမှ တိုင်းဒေသကြီး ပြည်နယ်များသို့ ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများ ဦးစီးဆောင်ရွက်ရန် လွှဲပြောင်းပေး အပ်တာဝန်ပေးရေး စီမံချက် တို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

အရင်းအမြစ်စုစည်းအသုံးချရေးဌာနသည် အသင်း၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် မိတ်ဖက်ကြက် ခြေနီများသို့ မှီခိုမှုလျော့ချရေး၊ ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အကောင်အထည်ဖေါ် ကြိုးပမ်း ဆောင်ရွက်ရာတွင် အသင်း၏မဟာဗျူဟာအရ ဖေါ်ထုတ်ခဲ့ရေးဆွဲခဲ့သည့် အရင်းအမြစ်စုစည်းအသုံး ချရေးမူဝါဒ နှင့် အရင်းအမြစ်စုစည်းအသုံးချရေး မဟာဗျူဟာ တို့၏ လမ်းညွှန်ချက်အတိုင်း ချိတ် ဆက်ဆောင်ရွက်၍ လုပ်ဆောင်လျှက်ရှိပါသည်။