ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြသင်တန်း)Online မှတစ်ဆင့်ပို့ချ

ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြသင်တန်း)Online မှတစ်ဆင့်ပို့ချ

ရန်ကုန်၊ ဇူလိုင် ၁၅

၂၀၂၀ပြည့်နှစ် ဇူလိုင်လ၁၄ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ကျင်းပသည့် ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဖြစ်နိုင်ခြေလျော့ပါးရေး(နည်းပြသင်တန်း) Community Based Disaster Risk Reduction Training ကို ဇူလိုင် ၁၄ရက်မှ ၁၆ ရက်အထိ Online (Zoom Meeting) မှ တစ်ဆင့်ပြုလုပ်လျက်ရှိပါသည်။
အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း ဦးဆောင်ပြုလုပ်လျက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ မိုးမောက်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၂၈ဦးတက်ရောက်သင်ကြားလျက်ရှိပါသည်။
သင်တန်းရည်ရွယ်ချက်မှာ ကချင်ပြည်နယ်အတွင်းရှိ ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအ တွက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ရပ်ရွာအတွင်း ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ဦးဆောင်အကောင်အထည်ဖော်နိုင်ရန် အသင်းမှ သင်ကြားပေးခြင်းဖြစ်သည်။