ကြက်ခြေနီက ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop ပြုလုပ်

ကြက်ခြေနီက ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော Red Ready Program မှ ကချင်ပြည်နယ်တွင် EOC Set up Advocacy and Design Workshop အား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် (၂း၀၀ )နာရီက ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဌနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်နှင့် တာဝန်ရှိသူများ၊ အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဘရန်ဒီး နှင့် အသင်းခွဲများ ဖွံ့ဖြိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းသက်တို့က အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော သဘာ၀ဘေးအန္တရာယ်များအကြောင်းနှင့် ဘေးအန္တရာယ်တုန့်ပြန်ရေးလုပ်ငန်းများတွင် ကြက်ခြေနီ၏ အခန်းကဏ္ဏအကြောင်းဆွေးနွေးခြင်း၊ ရရှိလာသောသင်ခန်းစာများအကြောင်းဆွေးနွေးခြင်း၊ EOC၏ အထောက်အကူဖြစ်စေမှုအကြောင်း ၊ EOCတည်ထောင်ရန် အကြောင်းဆွေးနွေးခြင်း၊ EOC၏ အခန်းကဏ္ဏအကြောင်းများအား အဖွဲ့ လိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။