Myanmar Red Cross Society

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

2019 / Jan 28
နေပြည်တော်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) (၃)ထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်တော်များ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခြင်း၊ နည်းဥပဒေပါ ပြင်ဆင်ထားချက်များကို ဆွေးနွေးတင်ပြခြင်း၊ ရွေးချယ်တင်မြောက်ရေး စည်းမျှဉ်းကို အချောသတ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လုပ်ငန်းတာဝန်ခွဲဝေရေးလုပ်ငန်းစဉ်များ (Decentralization Process) ကို တင်ပြဆွေးနွေးခြင်း၊ အသင်းသားဖြစ်ခြင်း၊ အသင်းဝင်ကြေးနှင့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ရန်ပုံငွေ ရှာဖွေရေးနည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒနှင့် ကယ်ဆယ်ရေးပစွည်းများ ဖြန့်ဝေခြင်းလမ်းညွှန် (DM Policy & Relieved Item Distribution Guideline) ကို တင်ပြခြင်း၊ CPR Manikin & Small First Aid Kit Distribution ကို ရှင်းလင်းတင်ပြခြင်း အစရှိသည်တို့ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

Credit; ဦးအောင်မြင့်စိုး

 

Related Posts