Myanmar Red Cross Society

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ UNHCRမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ အား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ UNHCRမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ အား လက်ခံတွေ့ဆုံ

2019 / Jan 23
နေပြည်တော်

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ နှင့် အဖွဲ့သည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသော မစ္စတာယိုဟန်းစဲလ်(စ်) Mr. Johan Cels ကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသစီမံချက် (South East Project) မှ ဆောင်ရွက်ပေးနိုင်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများအကြောင်းကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Related Posts