Myanmar Red Cross Society

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ရေဘေးသင့် ကျေးရွာများသို့ ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ရေဘေးသင့် ကျေးရွာများသို့ ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

2018 / Aug 21
ကဝ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဘန်ဒါ(အရိုးပုံ)ကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၉၅) စုနှင့် စာဖြူကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၅၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။

ထောက်ပံ့ပစွည်းများအဖြစ် သောက်ရေသန့်ပစွည်း၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ဆီ၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများနှင့် အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးငွေရှိန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းတပ်ဖွဲ့မှူး ဒေါက်တာ နေမျိုးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။

Related Posts