Myanmar Red Cross Society

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်

2018 / Jan 10
နေပြည်တော်

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ နန်းထွမ်းလှ၊ အချိန်ပြည်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးဝင်းကို၊ MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဦးဟန်နရီဇော်ထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဟန်နရီဇော်ထွန်းမှ အလှူငွေ ပေးအပ်ရခြင်း ရည်ရွက်ချက်များကို တင်ပြခဲ့ပြီး အလှူငွေ USD 50,000  ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ နှင့်  အလုပ်အမှုဆောင် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး ကြက်ခြေနီမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအကြောင်းနှင့် အခြေခံမူများကို ဥက္ကဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဥက္ကဌမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Related Posts