မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက် မည့် လုပ်ငန်းများနှင့် ဘတ်ဂျက်ညှိနှိုင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ် စုဝေးခန်းမတွင် ကျင်းပ ပြုလုပ်လျက်ရှိပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့် အလုပ်အမှုဆောင်များ၊ အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ
ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် အထောက် အကူပြုအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီလခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းမှ Programme Coordinator Ms. Sonja Bjorklund၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Deputy Cooperation Coordinator ဦးအောင်မိုးကျော်၊ ဂျာမန်ကြက်ခြေနီအသင်းမှ Finance Delegate Mr.Rajesh Kr. Reddy နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါ်မြသူက “ မြန်မာနိုင်ငံကြက်ခြေနီအသင်း ၂၀၁၆-၂၀၂၀ မဟာဗျုဟာ စီမံကိန်း အပေါ် သုံးသပ်ဆွေးနွေးပွဲလည်း ပြုလုပ် ထားပါကြောင်း၊ အသင်းအနေဖြင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ ခံနိုင်စွမ်းမြင့်မားစေရေးအတွက် ဆောင်ရွက်ရန် အစီအစဉ် ချမှတ်ထားပါကြောင်း၊ အသင်းခွဲများအနေဖြင့် မိမိတို့ ဒေသနှင့် လိုက်လျောညီထွေ ပြီး ကြက်ခြေနီ၏ လူမှုကရုဏာလုပ်ငန်းများတွင် ရပ်ရွာလူထုကိုယ်တိုင် ပါဝင်လာအောင် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ကိုယ်တိုင်ရေးဆွဲရန် လိုကြောင်း၊ ဌာနချုပ်အနေဖြင့် အသင်းခွဲများက ချမှတ်ထားသော လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအ
တွက် လိုအပ်သော နည်းပညာ ပံ့ပိုးမှုပေးရမည်ဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ နှစ်ရက်တာ ကျင်းပပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် မိတ်ဖက်အစည်းအဝေးက အကြံပြုချက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများ၊ ဘက်ဂျက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ၂၀၁၉ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန
်းများကိုလည်းကောင်း၊ မဟာဗျူဟာ ရည်မှန်းချက်အလိုက် ဌာနအသီးသီးမှ ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကို အဖွဲ့လိုက် ဆွေးနွေးတင်ပြသွားကြမည် ဖြစ်ပါသည်။
Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်