Myanmar Red Cross Society

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘီစကစ်နှင့် ကွတ်ကီးများ လှူဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘီစကစ်နှင့် ကွတ်ကီးများ လှူဒါန်း

2023 / May 23
ရန်ကုန်
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Kyaw Za Min Trading Co.,Ltd မှ ဘီစကစ်နှင့် ကွတ်ကီး များ လာရောက်လှူဒါန်းရာ လှူဒါန်းပွဲအခမ်းအနားကို မေလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Kyaw Za Min Trading Co.,Ltd မှ ဒေါက်တာထက်ထက်ညွန့်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ ကျပ် ၁,၉၄၈,၂၀ဝိ/တန်ဖိုးရှိ ဘီစကစ်နှင့် ကွတ်ကီး များကို လှူဒါန်းရာ အချိန်ပြည့်အလုပ်အမှုဆောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Related Posts