Myanmar Red Cross Society

ဆင်ဖြူကျွန်းမြို့ ရေဘေးသင့်စခန်းမှအိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကူညီ

ဆင်ဖြူကျွန်းမြို့ ရေဘေးသင့်စခန်းမှအိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ကူညီ

2023 / May 26
ဆင်ဖြူကျွန်း

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ရေဘေးသင့်စခန်းမှ အိမ်ထောင်စုများအား မြို့နယ်မှ ကြက်‌ခြေနီစေတနာလုပ်အားရှင်များက အသင်းမှထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ရေသန့်ပုံးများကို ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့အပြင် အလှူရှင်များလှူဒါန်းသော ဆန်၊ ဆီနှင့် ကြက်ဥတို့ကိုလည်း မြို့နယ်မှ ပရဟိတအသင်းများနှင့်အတူ ကူညီပေးဝေခဲ့သည်။

Related Posts