Myanmar Red Cross Society

ကြက်ခြေနီမှ နေပြည်တော်တွင် (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပ

ကြက်ခြေနီမှ နေပြည်တော်တွင် (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပ

2018 / Sep 16
နေပြည်တော်

နေပြည်တော်၊ အောက်တိုဘာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၇)ကြိမ်မြောက် မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့ထိ နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်လျှက်ရှိပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အနီးကပ် ပူးပေါင်း ပါဝင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)နှင့် မိတ်ဖက် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီအသင်း ၁၅ သင်းမှ ကိုယ်စားလှယ်များ တက်ရောက်လျှက်ရှိပါသည်။

အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော ၆ ကြိမ်မြောက် မိတ်ဖက်ကြက်ခြေနီအသင်းများ အစည်းအဝေးတွင် ချမှတ်ခဲ့သော အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ မိတ်ဖက်အမျိုးသားအသင်းများနှင့် သဘော တူညီထားသော မူဘောင်များကို ခြုံငုံသုံးသပ်ရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်ဆောင်ရွက် နေသော အမျိုးသားအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် အသင်း၏ မဟာဗျူဟာ ၂၀၂၀ နှင့်အညီ ဆောင်ရွက်နေမှုများအပေါ် လူမှုကရုဏာလုပ်ငန်းများတွင် မိတ်ဖက်အမျိုးသားအသင်းများအနေဖြင့် ပိုမိုပံ့ပိုးပေးနိုင်မည့် လုပ်ငန်းနယ်ပယ် များ ရှာဖွေ သတ်မှတ် သွားမည်ဖြစ်ပါသည်။

Related Posts