Myanmar Red Cross Society

ကျိုက်မရောမြို့နယ် ရေဘေးသင့်ကျေးရွာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

ကျိုက်မရောမြို့နယ် ရေဘေးသင့်ကျေးရွာသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး ထောက်ပံ့ပစွည်းများ သွားရောက် ထောက်ပံ့

2018 / Aug 21
ကျိုက်မရော

ကျိုက်မရော၊ သြဂုတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အထ္ထရံကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၁၁၀) စုတို့အား ထောက်ပံ့ပစွည်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် သွားရောက် ပေးအပ် ထောက်ပံ့ခဲ့ကြပါသည်။ ထောက်ပံ့ပစွည်းများအဖြစ် စင်္ကာပူကြက်ခြေနီအသင်းမှ ရေသန့်စင်စက်(အသေး)၊ ဆန်၊ ငါးသေတ္တာ၊ ဆီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပြည်တွင်းအလှူရှင်များမှ လာရောက်လှူဒါန်းသော သောက်ရေသန့်၊ ငပြာရည်ကြော်/ငါးပိကြော်၊ အဝတ်အစားများ၊ ကလေးပစွည်းများ၊ ကလေးကစားစရာများနှင့် Dignity Kit၊ Life Jacket၊ First Aids Kitနှင့်  အခြားလိုအပ်သည်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယ ဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေနှင့် တာဝန်ရှိသူများ၊ စင်္ကာပူကြက်ခြေနီမှ Aye Hnin Yu (Team Leader)၊ Aug Ja Jie Rex (Operation Specialist) နှင့် Ann Ong Sze Ying (Communication Officer)၊ ဒေသခံ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ သွားရောက် ထောက်ပံ့ခဲ့ကြပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စင်္ကာပူကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့ပစွည်းများကို သွားရောက် ထောက်ပံ့သွားမည်ဖြစ်သည်။

Related Posts