၂၁ ရာစုတွင် လူမှုကရုဏာဆိုင်ရာ အခြေအနေပြောင်းလဲလာခြင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် (၂၀၂၁-၂၀၂၅) မဟာဗျူဟာတွင် လူထုအခြေပြု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်လာခဲ့သည်။ အရည်အချင်းပြည့်ဝသော စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအား ၎င်းတို့ဒေသတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် ၎င်းတို့၏ အားသာချက် များကို သတ်မှတ်သိရှိနိုင်စေရန် အကူအညီပေးသည်။ ထို့နောက် ရပ်ရွာလူထုအနေဖြင့် ရင်ဆိုင် ရသည့် အခက်အခဲများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ ရရှိ လာစေရန် ကူညီပံ့ပိုးပေးသည်။ ကြက်ခြေနီအသင်းက ဆောင်ရွက်သည့် စီမံကိန်းတိုင်းသည် ရေရှည် တည်တံ့ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၂၀၂၁-၂၀၂၅) မဟာဗျူဟာ ရည်မှန်းချက် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။