အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိ လူမှုကရုဏာဆိုင်ရာ အခြေအနေများအရနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၂၀၂၆-၂၀၂၀) မျှော်မှန်းချက်ကို ပြန်လည်ပြင်ဆင်ပြီး (၂၀၂၁-၂၀၂၅) ခုနှစ်မျှော်မှန်းချက်ကို ရေးဆွဲထားသည်။
“ ပြည်တွင်းပြည်ပရှိ အန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီများ ပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်း ဖြစ်လာစေရန် ”
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၂၁ – ၂၀၂၀၅ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်းများကို အောက်ပါ တန်ဖိုးထားမှုများ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
ကြက်ခြေနီလှုပ်ရှားမှု၏ အခြေခံမူ ၇ ချက်ကို ၁၉၆၅ ခုနှစ်ကတည်းက စတင်ပြဌာန်းခဲ့ကြပြီး အမျိုးသား အသင်းများအားလုံးနည်းတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည်လည်း အခြေခံမူများကို လိုက်နာ ကျင့်သုံးလျက်ရှိသည်။ အဆိုပါ အခြေခံမူ ၇ ချက်မှာ –
ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လူမှုဒုက္ခများကို တားဆီးရန်နှင့် ကြုံတွေ့ရပါကလည်း လျော့နည်း သက်သာစေရန် ဆောင်ရွက်သည်။
တစ်ဦးချင်းစီ၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆောင်ရွက်ရာတွင် နိုင်ငံသား၊ လူမျိုး၊ ဘာသာရေး ယုံကြည်မှု၊ လူတန်းစား၊ နိုင်ငံရေးခံယူချက်တို့နှင့် ပတ်သက်၍ ခွဲခွဲခြားခြားမပြုပါ။
စစ်ပွဲများ၌လည်းကောင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် ဝါဒရေးရာ အငြင်းပွားမှုများ၌ လည်းကောင်း ဘက်လိုက်မှုမရှိဘဲ ကြားနေသည်။
ကြက်ခြေနီသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် အစိုးရ၏ အရန်အင်အားသဖွယ် ဆောင်ရွက်ပြီး နိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာလျက် မိမိ၏ လွတ်လပ်မှုကို ထိန်းသိမ်းထားသည်။
လုပ်ငန်းဆောင်ရွက်မှုအတွက် အကျိုးအမြတ် ရရှိရေးဆန္ဒအလျဉ်းမရှိသော စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လှုပ်ရှားမှုဖြစ်သည်။
နိုင်ငံအတွင်း တစ်ခုတည်းသော ကြက်ခြေနီ သို့မဟုတ် လခြမ်းနီအသင်းအဖြစ် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပြီး လူတိုင်းပါဝင်ခွင့်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် လှုပ်ရှားဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည်။