တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲက Mobile First Aid အဖွဲ့ဖွဲ့ပြီး အကူအညီပေးလျက်ရှိ

တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲက Mobile First Aid အဖွဲ့ဖွဲ့ပြီး အကူအညီပေးလျက်ရှိ

2021 / Apr 20
၂၀၂၁ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သံဆူးသည့်လူနာတစ်ဦး၊ခွေးကိုက်ခံရသည့်လူနာတစ်ဦးကို ရှေးဦးပြုစုနည်းဖြင့် ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း သိရပါသည်။
“ကျွန်တော်တို့အသင်းခွဲအနေနဲ့ ဖေဖော်ဝါရီလ(၈)ရက်နေ့မှစတင်ကာ ကြက်ခြေနီစေတနာလုပ်အားရှင်(၂၀) ဦးဖြင့် Mobile First Aid အဖွဲ့ (၂)ဖွဲ့ ဖွဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးနှင့် ပတ်သက်တဲ့ အကူအညီများ ပေးလျက်ရှိပါတယ်။
ယင်းအဖွဲ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များဖြစ်သည့် ဆရာဝန် (၅) ဦးကလည်းပူးပေါင်းဆေးကုသမှုပေးတဲ့အတွက် ဖေဖော်ဝါရီလ(၈)ရက်နေ့မှ ဧပြီလ(၂၀)ရက်နေ့အထိ ရှေးဦးပြုစု‌ပေးခြင်းနှင့် ဆေးရုံညွှန်းပို့တဲ့ လူနာ စုစုပေါင်း (၂၇၀)ဦးကို အကူအညီပေးခဲ့ပြီးဖြစ်ပါတယ်”လို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌဦးအောင်မျိုးဦးက ယခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

Related Posts