မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကချင်ပြည်နယ်တွင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကချင်ပြည်နယ်တွင် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၃၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြေစာပုံပြိုခြင်းအရေးပေါ်တုန့်ပြန်ရေး လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လေ့လာဆန်းစစ်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ၊ ညွှန်ကြားရေးမှူးများ၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Walter Fabricius၊ IFRC-KL မှ Jessie Roseleen HUARD နှင့်တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပြည်နယ်တပ်ဖွဲ့မှူး၊ ခရိုင်ကြက်ခြေနီကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသော အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ IFRC မှ Head of Country Office Joy Singhal၊ DRC မှ Country Manager Andreas Fabricius နှင့် IFRC-KL မှ Jessie Roseleen Roseleen HUARD တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်မှ ဖားကန့် မြို့နယ်၊ မြေစာပုံပြိုမှုဖြစ်စဉ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ်ခြင်းများအပေါ်အဖွဲ့လိုက်ဆွေးနွေးခြင်း ၊အဖွဲ့လိုက် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအား ပြန်လည်တင်ပြဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။