မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ၂၀၁၇ခုနစ်ထူးချွန်ဝန်ထမ်း(အမျိုသမီး)အဖြစ် ရွေးချယ်ခံရသော ဒေါ်လင်းအောင်အွယ် (အသက်- ၃၆) သည် လူမှုကရုဏာ လုပ်ငန်းများကို ချင်းပြည်နယ် မင်းတပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဝင်အဖြစ် ၂၀၀၄ ခုနှစ်မှ စတင်ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးစီးဆောင်ရွက်နေသော 3MDG/MNCH project တွင် ၂၀၁၄ ခုနှစ်မှစတင်ပြီး ကွင်းဆင်းကြီးကြပ်ရေးမှူးရာထူးဖြင့် မင်းတပ်မြို့နယ်တွင်းရှိ ကျေးရွာပေါင်း (၁၉၄) ရွာထဲမှ ဝေးလံခေါင်ပါးသောရွာများအထိပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်း ဆောင်ခဲ့ပါသည်။
၂၀၁၄-၂၀၁၅ ခုနှစ်တွင်း ကျေးရွာပေါင်း (၃၀) ရွာ၊ ၂၀၁၆ ခုနှစ်တွင်ကျေးရွာပေါင်း (၂၂) ရွာ၊ ၂၀၁၇ ခုနှစ်တွင် ဝေးလံခေါင်ဖျား ကျေးရွာ (၁၂)ရွာ နှင့် ၂၀၁၈ ခုနှစ် လက်ရှိတာဝန်ယူဆောင် ရွက်ရ သည့်ကျေးရွာ ပေါင်း (၃၈)ရွာများတွင် Monthly Work Plan အတိုင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အထူးသဖြင့် မိုးတွင်းကာလ နှင့် ရောက်ရှိရန် ခက်ခဲသော ကျေးရွာများသို့ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ခက်ခဲစွာ သွားရောက်ပြီး စွမ်းစွမ်းတမံ ကြိုးစားအကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ဒေါ်လင်းအောင်အွယ်အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၀၁၇ ခုနှစ်အတွက် အမျိုးသမီး ထူးချွန်ဝန်ထမ်းအဖြစ် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။