Myanmar Red Cross Society

ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်

ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်

2023 / May 22
မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူတို့ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်မည့် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများကို KBZPay Market ပေါ်ရှိ MOCHA Cyclone Relief Care Packages များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နိုင်မည့် အခြားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူလှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများထံ KBZPay Market နှင့် Myanmar Red Cross Society (MRCS) တို့ ပူးပေါင်းစီစဥ် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ်မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။
MOCHA Relief Care Packages နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ လိုအပ်နိုင်မည့် အခြားကုန်ပစ္စည်းများကို အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုပြီး မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြပါစို့။
အသေးစိတ်ကြည့်ရှုရန် >> https://bit.ly/3ogq3bj
လှူဒါန်းရန် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ကြည့်ရှုရန် => https://bit.ly/3We3C3l

Related Posts