Myanmar Red Cross Society

တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လာရောက်လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လာရောက်လေ့လာ

2018 / Nov 19
နေပြည်တော်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြက်ခြေနီအသင်း၊ ယူနန်ကြက်ခြေနီ အသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ်သို့ လာရောက်လေ့လာခဲ့ကြပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့် အမှုဆောင် ဦးကင်ဘွိုင်းနှင့် ဒေါက်တာဒေါ်အမယာ မော်နိုင်၊ အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှ၊ အချိန်ပိုင်း အမှုဆောင်ဦးဂဲနက်စ်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား နွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ယူနန်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်တွင် လက်မှတ်ရေး ထိုးခဲ့ကာ ယူနန်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဌ Mr. Zhang Chengwen က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက လက်ခံခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်း သူနာတင်ယာဉ်လုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက သူနာတင်ယာဉ် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

Mr. Zhang Chengwen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းနှင့် သူနာတင်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေမှုများကို လာရောက်လေ့လာ ခြင်းဖြစ်ပါသည်။

အဆိုပါခရီးစဉ်တွင် ယူနန်ကြက်ခြေနီအသင်းခွဲသည် ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိ ၁၁၅ မိုင်၊ ၂၀၂ မိုင်နှင့် နေပြည်တော် ရုံးချုပ်တို့ရှိ သူနာတင်ယာဉ်လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် လုပ်ငန်း အသုံးစရိတ်အဖြစ် တရုတ်ယွမ် ၅၅၀,၀၀၀ ကိုလည်း လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

Credit:>>> ဒေါ်ဆွေဆွေစိုးနိုင်

Related Posts